Be My Angel (2025) Telegram channel photo

Be My Angel (2025)

@thaiongoingmmPublic Channel

Be My Angel (2025) shares Espiritualidad updates and media on Telegram. Join to stay updated.

38

Last views

21k (21,028 subscribers)
Miembros
—
Rating
88
Total Posts
Oct 21, 2026, 12:35 AM
Actualizado
Apr 1, 2026
Created
Stats

Está viendo contenido en español. Para ver contenido en otros idiomas, cambie el idioma del sitio.

Channel Information

Channel Information
Channel NameBe My Angel (2025)
Username@thaiongoingmm
CategoryEspiritualidad
Languageespañol
CountryEspaña
Miembros21,028
Channel TypePublic Channel
Created1 abr 2026
Last Updated21 oct 2026 • anteayer
StatusActive

Clasificación

Clasificación global
#99362+261
Clasificación por idioma
#1795-6
Clasificación por categoría
#514+12

Crecimiento de participantes

Total: 21.0K30 Days growth: +4021.9%
09/2109/2610/0110/0610/1110/1610/20
Crecimiento de participantes - 30 Days
DateSubscribers
21:09:202620,626
22:09:202620,626
23:09:202620,626
24:09:202620,626
25:09:202620,626
26:09:202620,626
27:09:202620,626
28:09:202620,626
29:09:202620,626
30:09:202620,626
01:10:202620,626
02:10:202620,626
03:10:202620,626
04:10:202620,626
05:10:202620,626
06:10:202620,626
07:10:202620,626
08:10:202620,626
09:10:202620,626
10:10:202620,626
11:10:202620,626
12:10:202620,626
13:10:202621,009
14:10:202621,009
15:10:202621,009
16:10:202621,009
17:10:202621,009
18:10:202621,009
19:10:202621,009
20:10:202621,028
Crecimiento de participantes - Weekly
DateSubscribers
Week of 30:03:202618,197
Week of 06:04:202618,204
Week of 13:04:202618,205
Week of 20:04:202618,163
Week of 27:04:202618,163
Week of 04:05:202618,163
Week of 11:05:202618,375
Week of 18:05:202618,375
Week of 25:05:202618,375
Week of 01:06:202618,611
Week of 08:06:202618,611
Week of 15:06:202618,877
Week of 22:06:202619,050
Week of 29:06:202619,050
Week of 06:07:202619,050
Week of 13:07:202619,230
Week of 20:07:202619,300
Week of 27:07:202619,316
Week of 03:08:202619,316
Week of 10:08:202619,316
Week of 17:08:202619,430
Week of 24:08:202620,153
Week of 31:08:202620,501
Week of 07:09:202620,501
Week of 14:09:202620,626
Week of 21:09:202620,626
Week of 28:09:202620,626
Week of 05:10:202620,626
Week of 12:10:202621,009
Week of 19:10:202621,028
Crecimiento de participantes - Monthly
DateSubscribers
March 202618,197
April 202618,163
May 202618,375
June 202619,050
July 202619,300
August 202620,153
September 202620,626
October 202621,028
Crecimiento de participantes - Yearly
DateSubscribers
202621,028

Últimas publicaciones

Be My Angel (2025) logo
Be My Angel (2025)

22 oct 2026, 13:33

Photo1/2
Built In Love (2026)
အချစ်ဒီဇိုင်း (၂၀၂၆)

Ep-1

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

"ဗိသုကာပညာရှင်မလေးနှင့် ဖုန်းရွှေဆရာမလေးတို့ကြားက အဆန်းပြားဆုံး ချစ်ခြင်းတိုက်ပွဲ..."

ဆိုး အဖြစ် Pimjira Jaroenlak
ရှင်းရှင်း အဖြစ် Pannin Charnmanoon

ဆိုလ်ဟာ စည်းစနစ်ကျပြီး ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းတွေကိုပဲ ဦးစားပေးတတ်တဲ့ ကျွမ်းကျင်ဗိသုကာပညာရှင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ရှင်းရှင်းကတော့ ရှေးရိုးစဉ်ဆက် ယုံကြည်ချက်တွေ စွမ်းအင်နဲ့ ဓာတ်ကြီးလေးပါး  မျှတမှုကို အလေးထားတဲ့ အောင်မြင်ကျော်ကြားလှတဲ့ ဖုန်းရွှေဆရာမလေးတစ်ယောက်ပေါ့။

စိတ္တဇဆန်ဆန် ဆန့်ကျင်ဘက် အယူအဆရှိကြတဲ့ ဒီအမျိုးသမီးလေးနှစ်ယောက်ဟာ အိမ်ပိုင်ရှင်တစ်ယောက်အတွက် အိမ်တစ်အိမ်ကို ပူးတွဲဖန်တီးတည်ဆောက်ပေးဖို့ အကြောင်းဖန်လာခဲ့တဲ့အခါမှာတော့ .....

ဒီဆန့်ကျင်ဘက်နှစ်ယောက်ကြားမှာ အစကတော့ အတိုက်အခံတွေနဲ့ပြည့်နှက်နေခဲ့ပေမဲ့လည်း သူတို့ အတူတူတည်ဆောက်နေတဲ့ အိမ်ကြီးနဲ့အတူ ရင်ထဲက တားမြစ်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတွေက  နေရာလွတ်ရှာပြီး ဖူးပွင့်လာနိုင်ပါ့မလားဆိုတာကို မင်းသမီးနှစ်ယောက်ရဲ့ ချစ်စရာကောင်းပြီး အချေအတင် အားပြိုင်မှုတွေကို ရင်ခုန်ကြည်နူးဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးမှာမို့ မလွတ်တမ်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

#BuiltinLove #thaiseries #2026series #mmsub #GL #blackhole
38000
Be My Angel (2025) logo
Be My Angel (2025)

22 oct 2026, 13:22

Photo1/2
Hell Home (2026)
ငရဲစံအိမ် (၂၀၂၆)

Ep-1,2,3,4

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

"မိသားစုဝင်အချင်းချင်း သစ္စာဖောက်မှု၊ လျှို့ဝှက်ဆန်းကြယ် လူသတ်မှုနဲ့ ကလဲ့စားချေခြင်း ငရဲခန်း..."

မာလီဆာ အဖြစ် Sinjai Plengpanich
တူအန်ထမ် အဖြစ် Nattasha Bunprachom
ခရစ် အဖြစ် Thanavate Siriwattanagul

မိသားစုအပေါ်ထားရှိတဲ့ အယူအဆတွေ မတူညီကြတာကြောင့် တူလယာအတွက်တော့ ချုပ်ကိုင်လိုစိတ်ပြင်းထန်တဲ့ သူ့ယောက္ခမကြီးနဲ့ အဆင်ပြေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သားသမီးနဲ့ ခင်ပွန်းသည်အတွက်ဆိုပြီး အရာရာကို ကြိတ်မှိတ်သည်းခံနေခဲ့သော်လည်း ခင်ပွန်းဖြစ်သူရဲ့ ဖောက်ပြန်မှုကို သိလိုက်ရတဲ့အချိန်မှာ တူလယာတစ်ယောက် သည်းခံနိုင်စွမ်းတွေ ကုန်ခမ်းသွားခဲ့ရပါတယ်။

တူလယာတို့လင်မယား ကွာရှင်းကြတော့မဲ့အချိန်မှာပဲ မထင်မှတ်ထားဘဲ ခင်ပွန်းဖြစ်သူရဲ့ မယားငယ်မလေးဟာ သေဆုံးသွားခဲ့ရပါတယ်။ ဒါပေမဲ့ ကွာရှင်းခွင့်ရမဲ့အစား တူလယာတစ်ယောက် မယားငယ်ကိုလူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ သူ့ယောက္ခမကြီးဘက်ကနေ ရှေ့နေအဖြစ် မဖြစ်မနေ လိုက်ပါကာကွယ်ပေးဖို့ ဖိအားပေးခံရတဲ့အချိန်မှာတော့ ........
အမုန်းတရားတွေ လိမ်ညာမှုတွေနဲ့ တောက်လောင်နေတဲ့ ဒီ"ငရဲအိမ်"ကြီးထဲကနေ တူလယာတစ်ယောက် သူ့ကလေးကို ဘယ်လို ကာကွယ်သွားမလဲဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်စရာဖြစ်ရပ်တွေကို တင်ဆက်ပေးမှာမို့ ရှုစားအားပေးကြပါဦး။

#HellHome #thaiseries #2026series #mmsub #blackhole
27000
Be My Angel (2025) logo
Be My Angel (2025)

22 oct 2026, 13:22

Photo1/2
Teach Me Touch Me (2026)
ထိတွေ့မှု (၂၀၂၆)

Ep-1,2

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ကန်ထီအဖြစ် Chalarm Siam Pipatcharoenwong
ဂီယာအဖြစ် James Pongsapak Rachaporn

အိပ်ယာပေါ်ကကိစ္စမှာ ညံ့လွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချစ်သူဟောင်းရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီးနောက် စတုတ္ထနှစ်တက္ကသိုလ်ကျောင်းသား ဂီယာဟာ သူ့ရဲ့အပြစ်ကင်းစင်တဲ့ ပုံစံကို စွန့်လွှတ်ပြီး ဆွဲဆောင်မှုရှိသူတစ်ယောက်အဖြစ်ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် အဲဒီလိုနဲ့ပဲ သူဟာ အသက် ၃၄ နှစ်အရွယ် နာမည်ကျော် လူချောပလေဘိုင်းတစ်ဦးဖြစ်ပြီး ဇိမ်ခံကားလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ ကန်ထီနဲ့ ဆုံတွေ့ခဲ့ပြီးတော့ သူ့ကို အချစ်ရေးနဲ့ ဆွဲဆောင်မှုပညာရပ်တွေ သင်ပေးဖို့အတွက် ကန်ထီကို သတ္တိရှိရှိ အကူအညီတောင်းတဲ့အခါ ကန်ထီက ပထမတော့ ငြင်းဆန်ခဲ့ပေမဲ့ ဂီယာရဲ့စိတ်အားထက်သန်မှုကြောင့် ကန်ထီတစ်ယောက် စိတ်ဝင်စားသွားခဲ့ပါတော့တယ်

နှစ်ယောက်သား အနီးကပ်အတူရှိနေကြရင်းနဲ့ သင်ခန်းစာတွေသင်ပေးရင်းကနေ ထိန်းချုပ်လို့မရနိုင်တဲ့ခံစားချက်တွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီးတော့ ကန်ထီတစ်ယောက် ဂီယာရဲ့ နူးညံ့ပြီး စိတ်ဝင်စားစရာကောင်းတဲ့ သဘာဝကို စတင်တွေ့ရှိလာသလို ဂီယာကလည်း ကန်ထီရဲ့ ပလေဘိုင်းမျက်နှာဖုံးအောက်မှာ ကိန်းအောင်းနေတဲ့ စစ်မှန်တဲ့ နှလုံးသားကို မြင်တွေ့လာရပါတယ်

သူတို့နှစ်ယောက်ကြားမှာ ဆရာနဲ့တပည့်ဆိုတဲ့စည်းခြားထားမှုတွေဟာ မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားပြီး ဘယ်လိုအခြေအနေထိရောက်သွားကြပြီး ဂီယာကရော လိင်မှုကိစ္စမှာတတ်ကျွမ်းသွားမလား ကန်ထီကရောဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ ဗုဒ္ဓဟူးညတိုင်း လာရောက်ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်

#TeachMeTouchMe #thaiseries #2026series #mmsub #BL #blackhole
20000
Be My Angel (2025) logo
Be My Angel (2025)

22 oct 2026, 08:05

Photo1/2
Treasure Lovers (2026)
ရတနာကျွန်းပေါ်ကဖူးစာ (၂၀၂၆)

Ep-17 ( The End )

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ဖရယ်ဝါ/ရွန်အဖြစ် Pie Rinrada Kaewbuasai

ချာလမ်အဖြစ် Ryu Vachirawich Watthanaphakdeephaisanတို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပါတယ်။

<ဇာတ်လမ်းအကျဉ်း>

ကျိန်စာသင့်နေတဲ့သင်္ဘောသားချာလမ်နဲ့ အိမ်ကစီစဉ်တဲ့မင်္ဂလာပွဲကိုပစ်ပြီးထွက်ပြေးလာတဲ့ Youtuberမလေးဖရယ်ဝါတို့ရဲ့ ပင်လယ်စွန့်စားခန်းဇာတ်လမ်းလေးဖြစ်ပါတယ်။

ဖရယ်ဝါဟာ ပျောက်ဆုံးသွားတဲ့ သူမရဲ့မိဘတွေရဲ့အဖြစ်မှန်ကိုသိချင်လို့ ချာလမ်ရဲ့သင်္ဘောပေါ်ခိုးလိုက်သွားခဲ့ပါတယ် သူတို့နှစ်ယောက်ရဲ့အဓိကပန်းတိုင်ကတော့ ပင်လယ်နတ်ဘုရားဆီကနေ ဆုတောင်းတစ်ခုတောင်းဆိုခွင့်ရစေမယ့် ဒဏ္ဍာရီလာ"ပတ္တမြားနက်မျက်နှာဖုံး"ကို အပြိုင်အဆိုင်လိုက်ရှာဖို့ဖြစ်နေတာပါပဲ။

သင်္ဘောသားချာလမ်ကလည်း သူ့ကျိန်စာကိုပြယ်ချင်သလို ဖရယ်ဝါကလည်း သူမမိဘတွေရဲ့အမှန်တရားကိုသိချင်နေတာပါ ဒီလိုနဲ့ ရန်သူလိုလို မိတ်ဆွေလိုလိုနဲ့ ပင်လယ်ပြင်မှာအတူတူစွန့်စားရင်း အန္တရာယ်တွေကိုရင်ဆိုင်ရင်းနဲ့ နောက်ဆုံးမှာ သူတို့လိုချင်တဲ့ပတ္တမြားနက်မျက်နှာဖုံးကိုရသွားမလား ဆုတောင်းတွေပြည့်ပါ့မလားဆိုတာကို အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့ကြာသပတေးနေ့များမှာ လာရောက်ကြည့်ရှုအားပေးနိုင်ပါပြီ။

#TreasureLovers #thaiseries #2026series #mmsub #blackhole
32000
Be My Angel (2025) logo
Be My Angel (2025)

22 oct 2026, 08:05

Photo1/2
Dark Legacy (2026)
အမှောင်ဖုံးတဲ့အမွေအနှစ် (၂၀၂၆)

Ep-5

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

Kahol အဖြစ် Ken Phupoom Phongpanupak
Wasitthi အဖြစ် Mintshi Sattanan Thongsombun


ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးတစ်ဦး သေဆုံးပြီးနောက်မှာ သူ့ရဲ့အမွေအနှစ်တွေကို ရယူဖို့အတွက် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့တဲ့ မိသားစုဝင်တွေဟာ ဝေးလံခေါင်သီတဲ့ အိမ်ကြီးတစ်လုံးမှာ စုဝေးလာကြပါတယ်။

ဒါပေမဲ့ အမွေခွဲဝေဖို့ မစခင်မှာပဲ မိသားစုဝင်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။

အစပိုင်းမှာတော့ မတော်တဆမှုတစ်ခုလို့ ထင်ခဲ့ကြပေမယ့် နောက်ထပ်လူတစ်ယောက် ထပ်မံသေဆုံးလာတဲ့အခါမှာတော့ အားလုံးဟာ ဒီအိမ်ကြီးထဲမှာ လူသတ်သမားတစ်ယောက် ရှိနေပြီဆိုတာ သဘောပေါက်လာကြပါတယ်။

အပြင်ထွက်ဖို့လမ်းမရှိတော့တဲ့အခါ တစ်ယောက်ကိုတစ်ယောက် သံသယဝင်လာကြပြီး နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်တွေက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။

ဒါပေမဲ့ သူတို့မသိသေးတာတစ်ခုက...
သူဌေးကြီးသေဆုံးမှုဟာ ဒီအရာအားလုံးရဲ့အစ ဖြစ်နေခဲ့တာပါ။

တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အချိန်မှာတော့.... လူသတ်သမားက ဘယ်သူဖြစ်မလဲ ဆိုတဲ့မေးခွန်းထက် ပိုကြောက်စရာကောင်းတဲ့ မေးခွန်းတစ်ခု ပေါ်လာပါတယ်။
အဲဒါကတော့ အိမ်ကြီးထဲမှာ လူသတ်သမား ဘယ်နှယောက်ရှိနေလဲဆိုတာပါပဲ....

အသက်ရှင်သူတွေထဲမှာ အမှန်တရားကို သိသွားတဲ့ သူရှိပါ့မလား...
အမွေတွက်လာခဲ့တဲ့သူတွေထဲမှာ နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကို ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။

#DarkLegacy #thaiseries #2026series #mmsub #blackhole
27000
Be My Angel (2025) logo
Be My Angel (2025)

21 oct 2026, 12:22

Photo1/2
Beneath The Lies (2026)
မုသားများရဲ့နောက်ကွယ် (၂၀၂၆)

Ep-4,5

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးခဲ့ကြတဲ့ အတိတ်က သံယောဇဉ်ဟောင်းတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ မာယာတွေ သစ္စာဖောက်မှုတွေကြားမှာ ပြိုကွဲသွားခဲ့ရတဲ့အခါမှာတော့ .......

အလီဆာ (လီဆာ) အဖြစ် Yaya Urassaya Sperbund
ဝမ်ရာဝီ (ရာဝီ) အဖြစ် Kao Noppakao Dechaphatthanakun
ဖာခွန်း (ခွန်း) အဖြစ် Gulf Kanawut Traipipattanapong

ရာဝီနဲ့ ဖာခွန်းတို့ဟာ ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာခဲ့ကြပြီး မိသားစုရင်းချာထက်တောင် ပိုမိုခိုင်မာတဲ့ သံယောဇဉ်နဲ့ တည်ဆောက်ထားကြသူတွေဖြစ်ပါတယ်။ အဲဒီခိုင်မာတဲ့ ဆက်ဆံရေးဟာ အလီဆာဆိုတဲ့ အမျိုးသမီးတစ်ယောက် သူတို့ဘဝထဲကို စတင်ဝင်ရောက်လာချိန်မှာတော့ အေးစက်စက် အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။

သုံးယောက်ကြားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းနဲ့ မရေရာမှုတွေကြား ရုန်းကန်နေရချိန်မှာပဲ ဖာခွန်းဟာ ရုတ်တရက်ကြီး အပြင်းအထန် နေမကောင်းဖြစ်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ ရာဝီဟာလည်း သန်းကြွယ်သူဌေးကြီးတစ်ဦးရဲ့ အမွေဆက်ခံသူဖြစ်ကြောင်း သိရှိလိုက်ရပါတယ်။ ညီအစ်ကိုလို ချစ်ခင်ရတဲ့သူကို ကယ်တင်နိုင်မဲ့ စွမ်းအားနဲ့ စည်းစိမ်းတွေ ရရှိလိုက်ချိန်မှာ အရာရာ ပျော်ရွှင်ဖွယ်အဆုံးသတ်ကို ပေးလိမ့်မယ်လို့ ရာဝီတစ်ယောက် ယုံကြည်ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ထင်မှတ်ထားတဲ့ ဇာတ်သိမ်းဆိုတာဟာ လိမ်ညာမှုတွေနဲ့ ရှုပ်ထွေးလှတဲ့ အကောက်ကြံမှု ကွန်ရက်ကြီးရဲ့ အစပြုခြင်းမျှသာဖြစ်နေခဲ့ပြီး သူတို့သုံးယောက်လုံးရဲ့ ဘဝတွေကို ထာဝရပြောင်းလဲသွားစေခဲ့ပါတော့တယ်။ အေးစက်စက် လိမ်ညာမှုတွေရဲ့ နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ မထင်မှတ်ထားတဲ့ အမှန်တရားကြီးက ဘာဖြစ်မလဲဆိုတာကို ဒရာမာကွင်းလေး Yaya, Kao နဲ့ Gulf တို့ရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေကို တင်ဆက်ပေးမှာမို့ စောင့်မျှော်ရှုစားပေးကြပါဦး။

#BeneathTheLies #thaiseries #2026series #mmsub #blackhole
51000
Be My Angel (2025) logo
Be My Angel (2025)

21 oct 2026, 12:22

Photo1/2
The Soulmate Rings (2026)
အချိန်ခရီးသည်ရဲ့ချစ်လက်စွပ် (၂၀၂၆)

Ep-5,6

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

Soda အဖြစ် Mook Worranit Thawornwong
Dindaen အဖြစ် Euro Yotsawat Tawapee

ဇာတ်လမ်းအကျဉ်း

အွန်လိုင်းပေါ်မှာ ပစ္စည်းတွေ ရောင်းရင်း အောင်မြင်နေတဲ့ ယုံကြည်ချက်အပြည့်ရှိတဲ့ ဆယ်လီမလေး " ဆိုဒါ " တစ်ယောက် မင်္ဂလာဆောင်တော့မယ့် သတင်းကြောင့် ပရိသတ်တွေကြား လူပြောများသွားခဲ့ပါတော့တယ်...

သတို့သားလောင်းကတော့ သမရိုးကျဆန်လွန်းလှတဲ့ တိရစ္ဆာန်ဆရာဝန်လေး "ဒင်ဒန်" ဖြစ်နေပြီး.. စိတ်ထားကောင်းပြီး အေးဆေးတည်ငြိမ်သူ ဖြစ်ပေမဲ့ 'ဆိုဒါ' ရဲ့ အသိုင်းအဝိုင်းနဲ့ သူငယ်ချင်းတွေကတော့ သူတို့နှစ်ဦးကို ကွဲပြားလွန်းတာကြောင့် သဘောမတူနိုင်ခဲ့ကြပါဘူး.

ဒီလိုနဲ့ မင်္ဂလာပွဲရက် နီးကပ်လာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက်အပေါ် ထားရှိတဲ့ ယုံကြည်မှုနဲ့ ဆုံးဖြတ်ချက်တွေကြား သံသယတွေ စတင်ကြီးထွားလာခဲ့ချိန်မှာတော့ မထင်မှတ်ထားတဲ့ ဆန်းကြယ်မှုတစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါတော့တယ်....

အဲဒါကတော့ မင်္ဂလာပွဲမတိုင်မီ အတိတ်အချိန်ကာလကို နှစ်ယောက်လုံး ရောက်ရှိသွားခဲ့ကြတာပါ ..ပြောင်းလဲသွားတဲ့ အခြေအနေတွေကြားမှာ သူတို့နှစ်ဦးရဲ့ သံယောဇဉ်က ပိုခိုင်မာလာမလား ဒါမှမဟုတ် ခြားနားလွန်းတဲ့ သူတို့ရဲ့ ဘဝတွေကြောင့် အတိတ်မှာပဲ လမ်းခွဲလိုက်ရမလား ဆိုတာကတော့... အတူစောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။

#TheSoulmateRings #thaiseries #2026series #mmsub #blackhole
45000
Be My Angel (2025) logo
Be My Angel (2025)

21 oct 2026, 12:22

Photo1/2
Khom Khlang (2026)
နှလုံးသားအင်းကွက် (၂၀၂၆)

Ep-7,8

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ဘူလန်အဖြစ် Bint Sireethorn
ဖင်းအဖြစ် Puinoon Warangsiri

GL ပရိသတ်တွေအတွက် ရိုးရိုး Romance တွေ ရိုးအီနေပြီဆိုရင်တော့ အောက်လမ်းပညာ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ အချစ်ကို ရောမွှေထားတဲ့ ဝီတီဗီကနေ အသစ်စက်စက် ထွက်ရှိလာမဲ့ GL series သစ်လေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။

ဒီဇာတ်လမ်းလေးကတော့ Star hunter entertainment ရဲ့ တတိယ GL စီးရီးလေးဖြစ်ပြီး ကျွန်တော်တို့ရဲ့ Love senior အတွဲလေးဖြစ်တဲ့ Anda-Lookkaew လည်း ပါဝင်သွားမှာပါ။

ဇာတ်လမ်းအစမှာတော့ အရာရာကို လက်တွေ့ကျကျ စဉ်းစားတတ်ပြီး ယုတ္တိဗေဒကိုသာ ယုံကြည်တဲ့ ရဲမေမလေး တစ်ယောက်ဟာ မထင်မှတ်ဘဲ အမှုတစ်ခုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရှေးဟောင်းယုံကြည်မှုတွေ၊ ဂါထာမန္တန် အစီအရင်တွေကို လက်ကိုင်ထားတဲ့ ဆရာတစ်ယောက်နဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ရဖို့ အကြောင်းဖန်လာပါတော့တယ်။

တစ်ယောက်က အထောက်အထားနဲ့ ဥပဒေကို ယုံကြည်သူ၊ နောက်တစ်ယောက်က မမြင်ရတဲ့ နာမ်လောကနဲ့ အောက်လမ်းပညာတွေကို ယုံကြည်သူ... ရေနဲ့မီးလို လုံးဝ (လုံးဝ) ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက် ရှေးဟောင်းစာပေတွေ၊ လျှို့ဝှက်သင်္ကေတတွေနဲ့ ပြည့်နှက်နေတဲ့ အမှုကြီးရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါ...

အမှုက တဖြည်းဖြည်း နက်ရှိုင်းလာတာနဲ့အမျှ သူတို့နှစ်ယောက်ကြားက သံယောဇဉ်ကလည်း နောက်ဆုတ်လို့မရအောင် ရစ်ပတ်လာပါတော့တယ်။ တရားခံကို ရှာဖွေရင်း ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာရဲ့ ဆွဲဆောင်မှုအောက်မှာ သူတို့နှစ်ယောက် ဘယ်လို ရှေ့ဆက်ကြမလဲ။

နာမည်ကြီး ဝတ္ထု "Formidable Eyes" ကို အခြေခံရိုက်ကူးထားပြီး Mystic ဖြစ်တဲ့ အငွေ့အသက်တွေ၊ Occult ပညာရပ်တွေကြားထဲကနေ ပေါက်ဖွားလာမယ့် ဇာတ်လမ်းလေးမို့ Thriller နဲ့ Romance ကို ချိန်သားကိုက် ပေါင်းစပ်ထားတဲ့ Vibe မျိုးကို ခံစားရမှာ အသေအချာပါပဲ။ ဇာတ်အိမ်ခိုင်ခိုင်မာမာ ဆွဲခေါ်သွားမယ့် စီးရီးလေးဖြစ်လို့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။


#KhomKhlang #thaiseries #2026series #mmsub #GL #blackhole
31000
Be My Angel (2025) logo
Be My Angel (2025)

21 oct 2026, 12:22

Photo1/2
Under The Working Desk (2026)
ဘဝရဲ့ပြန်လည်စတင်ခေါ်သံ (၂၀၂၆)

Ep-19

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

One31 ရုပ်သံလိုင်းမှ ထုတ်လွှင့်သော ရုံးတွင်းဟာသ (Office Sitcom) အမျိုးအစားဖြစ်ပြီး၊ ဒေဝါလီခံရလုနီးပါးဖြစ်နေသည့် ‘Brief Here Bangkok’ ကြော်ငြာအေဂျင်စီတစ်ခုအတွင်း စွမ်းဆောင်ရည်ညံ့ဖျင်းသူများကို အလုပ်ထုတ်မည်ဟု သူဌေးဖြစ်သူက ကြေညာလိုက်ရာမှ စတင်ကာ ဝန်ထမ်းများဖြစ်ကြသည့် တင်တင် (Pueak Pongsatorn)၊ ချို (Bo Thanakorn)၊ ပလုမ်း (Art Marut) နှင့် အိုင့် (DJ Aoi) တို့အပါအဝင် အသက်အရွယ်စုံ၊ စရိုက်စုံလင်လှသည့် လုပ်ဖော်ကိုင်ဖက်တစ်စု ရာထူးတည်မြဲရေးနှင့် ခေါင်းမာလှသော ဖောက်သည်များကို ရင်ဆိုင်ရင်း ရုံးတွင်းအလွဲလွဲအချော်ချော် အားပြိုင်မှုများကို ဟာသနှောကာ ရိုက်ကူးထားခြင်းဖြစ်ပြီး၊ အခက်အခဲများကြားက အရှုံးမပေးဘဲ အတူတကွ ရုန်းကန်ပုံနှင့် မတူကွဲပြားသည့် မျိုးဆက်သစ်/ဟောင်းကြား အပေးအယူမျှတစွာ သင်ယူရုန်းကန်ရပုံတို့ကို ခံစားရစေမည့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါသည်။


#UnderTheWorkingDesk #thaiseries #2026series #mmsub #blackhole
37000
Be My Angel (2025) logo
Be My Angel (2025)

18 oct 2026, 23:15

Photo1/2
Mr FanBoy (2026)
မင်းရဲ့ ဖန်ဘွိုင် (၂၀၂၆)

Ep-8

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ဝမ်က မင်းသား နိုင်းရဲ့ ရူးရူးမူးမူး Fanboy လေးပေါ့။ နိုင်းကို လိုက်ပုံရိုက်ရင်းနဲ့ နိုင်းနဲ့ တွဲရိုက်နေတဲ့ မင်းသား သီးဒ်နဲ့ ငြိပြီး Sasaeng လို့ အထင်လွဲခံလိုက်ရတာ။
ဒါပေမဲ့ ဘုရားပေးချင်တော့ ဝမ်က နိုင်းနဲ့ သီးဒ်တို့ တွဲရိုက်မယ့် BL ကားမှာ အရံမင်းသားအဖြစ် အရွေးခံရပြီး သရုပ်ဆောင်လောကထဲ ရောက်သွားရော။
ရိုက်ကူးရေးမှာ အစက မတည့်ဘဲ မျက်နှာကြည့်မရတဲ့ သီးဒ်က ဝမ် ဒုက္ခရောက်တိုင်း ဝင်ဝင်ကူညီပေးရင်းနဲ့ အနီးကပ် ရှိလာတယ်။ အဲဒီအချိန်မှာပဲ သူ အသေရူးရတဲ့ Idol နိုင်းရဲ့ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေကိုလည်း သိသွားရတယ်။
အဲဒီတော့ ဝမ်တစ်ယောက် သူအားပေးတဲ့ Idol နဲ့ ဘေးနားမှာ အမြဲရှိပေးတဲ့ သီးဒ်တို့ကြားထဲမှာ ခံစားချက်တွေ ရှုပ်ထွေးပြီး သရုပ်ဆောင်လောကရဲ့ ဒုက္ခတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ ကြည့်ရမှာပါ။

#MrFanBoy #thaiseries #2026series #mmsub #BL #blackhole
117000
Be My Angel (2025) logo
Be My Angel (2025)

18 oct 2026, 23:15

Photo1/2
The Crow Club (2026)
ကျီးနက်ကလပ် (၂၀၂၆)

Ep-5

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

လင်ဒါ အဖြစ် Cris
ရတ်ခွန်း အဖြစ် Newyear
ဝမ်း အဖြစ် Milk
ဖာထီ အဖြစ် Pop
ရန် အဖြစ် Title
တန်မို အဖြစ် Otto
ယိုယဲ အဖြစ် BJ
တလေ အဖြစ် Sailub
ဆန်း အဖြစ် Ponတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

<ဇာတ်လမ်းအကျဉ်း>

ဒီဇာတ်လမ်းလေးက "The Crow Club"ဆိုတဲ့ လျှို့ဝှက်ဘားတစ်ခုကိုအခြေခံထားတာပါ အဲ့ဒီဘားမှာ မမလင်ဒါ ဆိုတဲ့ဆရာမကြီးကဦးဆောင်ပြီး လူထူးလူဆန်းတစ်စုနဲ့ပေါင်းစည်းထားတာပေါ့ သူတို့အဖွဲ့က တခြားလူတွေမလုပ်ပေးနိုင်တဲ့ အထူးအဆန်းအလုပ်တွေ ပြဿနာတွေကို လာအပ်တဲ့ဖောက်သည်တွေဆီကပိုက်ဆံအများကြီးယူပြီး ကူညီဖြေရှင်းပေးကြပါတယ်။

ဇာတ်လမ်းထဲမှာ အဓိကအတွဲလေးတွဲရဲ့ ရှုပ်ထွေးဆန်းပြားတဲ့အကြောင်းတွေပါဝင်ထားပါတယ်-

အတွဲတစ်။သရဲလိုက်ခြောက်ခံနေရလို့အကူအညီတောင်းခြင်း:
အင်ဂျင်နီယာလေး ဝမ်းကို ဗိသုကာပညာရှင်ရတ်ခွန်းက သူ့ရည်းစားအတုလုပ်ပေးဖို့ငှားလိုက်ပါတယ် အကြောင်းကတော့ Rakkhunရဲ့အချစ်ရေးကိုနှောင့်ယှက်နေတဲ့သရဲကိုလှည့်စားဖို့အတွက်ပါပဲ အဲ့ဒီကနေပဲအချင်းချင်းချစ်မိသွားကြပါတော့တယ်။

အတွဲနှစ်။T-Popအဆိုတော်နဲ့ fake coupleအရှုပ်တော်ပုံ:
လူရှေ့မထွက်ရဲဘဲ နောက်ကွယ်ကနေသာသီချင်းဆိုတတ်တဲ့စကေးရှိတဲ့ဖာထီကို သီချင်းအေဂျင်စီကသင်တန်းသားရန်ကလာငှားပါတယ် အဖွဲ့သစ်နဲ့ ပွဲဦးထွက်နိုင်အောင်လုပ်ရင်း အတင်းတုပ်တာတွေ fake romanceတွေကြားမှာပဲ တကယ်သံယောဇဉ်တွယ်လာကြပါတော့တယ်။

အတွဲသုံး။ရည်းစားဟောင်းနဲ့ Survivalဂိမ်းထဲရောက်သွားခြင်း:
ဒေါသအိုးဖိုက်တာလေးတန်မိုနဲ့ သူ့ရဲ့အရှုပ်ထုတ်ရည်းစားဟောင်းယိုယဲတို့နှစ်ယောက်ရဲ့ဇာတ်လမ်း ယိုယဲက ပိုက်ဆံတစ်သန်းရမယ့် "Werewolf"ဆိုတဲ့reality showမှာပါဖို့တန်မိုကို ပိုက်ဆံပေးပြီးငှားလိုက်ပေမယ့် တောတောင်ထဲရောက်မှ ဂိမ်းမဟုတ်ဘဲ တကယ့်သွေးထွက်သံယိုပွဲကြီးဖြစ်နေမှန်းသိလိုက်ရပါတော့တယ်။

အတွဲလေး။အချစ်ဝတ္ထုရေးဆရာရဲ့ Fake Husbandအစီအစဉ်:
ကျရှုံးနေတဲ့အချစ်ဝတ္ထုရေးဆရာဆန်းက နာမည်ပြန်ရလာအောင်လို့ ဘားရဲ့လက်ထောက်မန်နေဂျာ(ပန်းချီဆရာ)တလေကို လင်မယားအတုလုပ်ခိုင်းပါတယ် စာအုပ်အသစ်ရေးဖို့အတွေ့အကြုံယူရင်းနဲ့ တကယ်ရင်ခုန်စရာတွေဖြစ်လာကြတဲ့အခါ...

ဘားတစ်ခုတည်းမှာပဲစုံစည်းပြီး action,mystery,romanceနဲ့supernatural typeဆန်ဆန်လည်းကြည့်ရမယ် main roleတွေအများကြီးလည်းပါဝင်ထားတဲ့အတွက် အပတ်စဉ်သောကြာနေ့ညမှာ လာရောက်ကြည့်ရှုအားပေးလို့ရပါပြီ။

#TheCrowClub #thaiseries #2026series #mmsub #BL #blackhole
100000
Be My Angel (2025) logo
Be My Angel (2025)

18 oct 2026, 23:15

Photo1/2
Weirdo101 (2026)
ငါတို့ကြားက ဆွဲငင်အား (၂၀၂၆)

Ep-10 ( The End )

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

နီရန်အဖြစ် Keen Suvijak Piyanopharoj

ချီဝါ ပန်ချီဝါအဖြစ် Sea Dechchart Tasilpတို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

<ဇာတ်လမ်းအကျဉ်း>

ကျောင်းရဲ့ဂျူဒိုကစားသမားဖြစ်ပြီး အရာရာကိုအေးဆေးဖြတ်သန်းတတ်တဲ့နီရန်ဟာ ထူးခြားတဲ့အတွေးအခေါ်နဲ့ဆက်သွယ်ပြောဆိုပုံရှိတဲ့ နက္ခတ္တဗေဒကလပ်ရဲ့ဉာဏ်ကြီးရှင်ချီဝါနဲ့ဆုံတွေ့ခဲ့ပါတယ်။

သူတို့နစ်ဦးသားရဲ့ဆက်ဆံရေးကတော့ နီရန်နက္ခတ္တဗေဒကလပ်ထဲဝင်ပြီးပြီးချင်းမှာပဲအစပျိုးလာပါတော့တယ် ချီဝါဟာ‌လည်း ကျောင်းမှာချောမောလွန်းလို့နာမည်တစ်ခုရထားသူဖြစ်ပြီး နီရန်ကလည်း ဂျူဒိုပြိုင်ပွဲအတွက် လေ့ကျင့်ရေးကိုအာရုံစိုက်နေရတဲ့ကောင်လေးတစ်ယောက်ပါ။

ဒီလိုနဲ့ နီရန်နက္ခတ္တဗေဒကလပ်ထဲဝင်ပြီးနောက်ပိုင်းမှာ ချီဝါဘက်က နီရန်ကို သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့စ,ပိုးလာတဲ့အခါ နီရန်က သူ့ရဲ့ခံစားချက်တွေကိုပြန်လည်မေးခွန်းထုတ်လာပါတော့တယ်။

GMMကအငယ်လေးတွေဖြစ်ကြတဲ့ မှန်ကြောင်ချီဝါနဲ့အစ်ကိုကြီးနီရန်တို့ရဲ့ အသည်းယားစရာကျောင်းသားဇာတ်လမ်းလေးတစ်ပုဒ်ကို အပတ်စဉ်သောကြာနေ့တိုင်း လာရောက်ကြည့်ရှုနိုင်ပါပြီနော်။

#Weirdo101 #thaiseries #2026series #mmsub #BL #blackhole
79000
Be My Angel (2025) logo
Be My Angel (2025)

18 oct 2026, 23:15

Photo1/2
Oops Mysterious Sounds (2026)
လျှို့ဝှက်သံစဉ်ကြားက အချစ် (၂၀၂၆)

Ep-5

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ဖော့ဒူအန် အဖြစ် PK Patarachai
ဂျင်နာ အဖြစ် Namna Thanthai

"ရန်သူကနေ ချစ်သူဖြစ်ဖိုဆိုတာ... တစ်ပတ်ရစ် နားကြပ်ဟောင်းလေး တစ်စုံပဲ လိုတယ်"

ရန်သူကနေ ချစ်သူဖြစ်သွားတဲ့ (Enemies to Lovers) ဇာတ်ကွက်မျိုးကိုမှ သရဲတစ္ဆေတွေ၊ ထူးဆန်းတဲ့အသံတွေနဲ့ ဆန်းဆန်းပြားပြား ကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မဲ့ BL ဇာတ်လမ်းသစ် ထွက်ရှိလာပါပြီ။

ဇာတ်လမ်းလေးကတော့ ရှက်တတ်တဲ့ ကျောင်းသားလေး ဖော့ဒူအန်ဆီကနေ စထားပါတယ်။ ဖော့ဒူအန်ဟာ သူ့ရဲ့ Crush လေးနဲ့ ပတ်သက်လာရင် ကံဆိုးမိုးမှောင်ကျပြီး အလွဲလွဲအချော်ချော်တွေချည်း ကြုံနေရသူပါ။

တစ်နေ့မှာတော့ သူက တစ်ပတ်ရစ် နားကြပ်ဟောင်းလေးတစ်ခုကို ဝယ်လိုက်မိရာကနေ မထင်မှတ်ထားတဲ့ ပြဿနာတွေ စလာပါတော့တယ်။ ဒီနားကြပ်လေးက သာမန်နားကြပ်မဟုတ်ဘဲ လူသေတွေရဲ့ ဝိညာဉ်လောကနဲ့ ဆက်သွယ်ပေးနိုင်တဲ့ နားကြပ်ဖြစ်နေတာပါပဲ။

ပိုဆိုးတာက ဒီနားကြပ်လေးကြောင့်ပဲ သူနဲ့ လုံးဝမတည့်တဲ့ ခါးသီးလှတဲ့ ရန်သူတော်ကြီးနဲ့ ဆက်စပ်သွားပြီး တမလွန်ကမ္ဘာထဲကို အတူတူ ဆွဲခေါ်ခံလိုက်ရတဲ့အခါ...။

မတည့်အတူနေ ရန်သူနှစ်ယောက် ဝိညာဉ်တွေကြားမှာ ဘယ်လို အသက်လုပြေးကြမလဲ... ကြောက်လွန်းလို ဖက်ပြေးကြရာကနေ ဘယ်လိုတွေ ရင်ခုန်သံ မြန်လာကြမလဲ...

ဖော့ဒူအန်ရဲ့ အချစ်ရေးကရော ဘယ်လို အဆုံးသတ်မလဲဆိုတာကို ရယ်မော ရင်ခုန်ဖွယ် ကြည့်ရှုရမှာပါ။Rom-Com နဲ့ Horror Vibe လေးကို အချိုးကျကျ ရောစပ်ထားတဲ့ စီးရီးလေးမို ပိတ်ရက်မှာ ပေါ့ပေါ့ပါးပါးနဲ့ အူတက်အောင်ရယ်ချင်ရင်တော့ ခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။

#OopsMysteriousSounds #thaiseries #2026series #mmsub #BL #blackhole
59000
Be My Angel (2025) logo
Be My Angel (2025)

18 oct 2026, 23:15

Photo1/2
Lovex3 (2026)
ရင်ခုန်သံအထပ်ထပ် (၂၀၂၆)

Ep-10,15

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ဖစ်ဆစ် အဖြစ် Krit Ngamtanakijja
ဖူအန်အဖြစ် Phop Pongphop
ဒင်အဖြစ် Pao Pichitchai
စတားအဖြစ် Tonkla Saharat
အော့အဖြစ် NJ Deeprompt
ချေမီ အဖြစ် Chok Ditheechok

ကျောင်းသားခြောက်ယောက်ဟာ ချစ်ခြင်းမေတ္တာမသင်မနေရသင်တန်းကိုတက်ရောက်ကြပြီး နှလုံးသားရော မိမိကိုယ်ပါ ရင့်ကျက်ကြီးပြင်းမလာသည်အထိ ထင်မှတ်မထားဘဲ ပိုမိုနီးကပ်လာသောအချစ် အမှီလိုက်နိုင်ရန် အပြေးလိုက်ရမဲ့အချစ် ကတိဟောင်းတစ်ခုကို သယ်ဆောင်ပြီး ပြန်လည်ရောက်ရှိလာသောအချစ် စတဲ့သင်ခန်းစာတွေကို လေ့လာသင်ယူဖြတ်ကျော်ရမှာဖြစ်ပါတယ်

သင်ခန်းစာ ၁ : ကိုယ့်အချစ်ဆုံးသူငယ်ချင်းကို တိတ်တခိုးချစ်နေရသော်လည်း သူငယ်ချင်းနဲ့အခြားတစ်ယောက်ကို အောင်သွယ်တော်အဖြစ် ပါဝင်ကူညီပေးခဲ့ရသော အထက်တန်းကျောင်းသားလေးရဲ့အချစ်ဇာတ်လမ်း

သင်ခန်းစာ ၂ : ကျောင်းရဲ့ချစ်စရာအကောင်းဆုံးဂျူနီယာစတားရဲ့နှလုံးသားနှင့် LINE ID ကို အပိုင်ရအောင်လုပ်ရမဲ့ စီနီယာကျောင်းသားများသမဂ္ဂဥက္ကဋ္ဌရဲ့အချစ်ဇာတ်လမ်း

သင်ခန်းစာ ၃: ကိုယ့်အစ်ကိုရဲ့အချစ်ဆုံးသူငယ်ချင်းကို တိတ်တခိုးချစ်နေမိပြီး ကတိဟောင်းတစ်ခုကို ဖက်တွယ်ထားနေမိတော့ ဂျူနီယာကျောင်းသားလေးတစ်ယောက်ရဲ့ ဆက်စောင့်ရမလား လက်လွှတ်လိုက်ရမလားဆိုတဲ့အချစ်ဇာတ်လမ်း

အချစ်ဇာတ်လမ်း ၃ ခုကိုမှ ဟာသ အချစ် အလွမ်းတွေနဲ့ အပိုင်း ၁၅ ပိုင်းကြီးတောင်ကြည့်ရမှာဖြစ်လို့ Bl ဖန်တွေအနေနဲ့လက်လွှတ်မခံဘဲနဲ့ တနင်္ဂနွေညတိုင်း လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်

#Lovex3 #thaiseries #2026series #mmsub #BL #blackhole
47000
Be My Angel (2025) logo
Be My Angel (2025)

18 oct 2026, 23:15

Photo1/2
Police in Love (2026)
ဥပဒေနဲ့အညီ ချစ်ခွင့်ပန်ပါရစေ (၂၀၂၆)

Ep-6

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ထီအာထာ အဖြစ် Yin Anan Wong
မန်ကွန် အဖြစ် War Wanarat

"လက်ထပ်ကြမလား…. ခြောက်လပြည့်ရင် ကွာရှင်းကြတာပေါ့"

ဘဝရဲ့ကံဆိုးမှုတွေ အညံ့တွေကို ယတြာချေဖို့အတွက် အောက်တိုဘာလ (၁၃) ရက် တနင်္လာနေ့မှာ မွေးဖွားသူတစ်ယောက်နဲ့ မဖြစ်မနေ လက်ထပ်ရမယ်လို့ မိခင်ဖြစ်သူဆီကနေ ရာဇသံပေးခံလိုက်ရတဲ့ စုံထောက်အရာရှိ ထီအာထာ

ပိုပြီး ခေါင်းခဲစရာကောင်းတာက အဲဒီလူရဲ့နာမည်နဲ့ မျိုးရိုးနာမည်မှာ ထိုင်းဗျည်းအက္ခရာ "ร" (ရကောက်) မဖြစ်မနေ ပါဝင်ရမယ်ဆိုတဲ့အချက်ပါပဲ

ရှာရခက်လှတဲ့ ဒီကံကြမ္မာရှင်က ဝေးဝေးလံလံမှာ မဟုတ်ဘဲ သူ့ရဲ့လက်အောက်ငယ်သား ရဲအရာရှိလေး မန်ကွန်က မွေးသက္ကရာဇ်ကအစ နာမည်အဆုံး သတ်မှတ်ချက်တွေအားလုံးနဲ့ တစ်ထပ်တည်း ကျနေတဲ့သူဖြစ်နေတဲ့အခါ

သူတို့နှစ်ယောက်ရဲ့သဘောတူညီချက်က ရှင်းရှင်းလေးပါ ခြောက်လအတူနေမယ် ပြီးရင် ကွာရှင်းမယ် ဒါပေမဲ့ တစ်မိုးအောက်တည်းမှာ အတူနေရင်းနဲ့ အချိန်တွေကြာလာတာနဲ့အမျှ ဟန်ဆောင်ဇနီးမောင်နှံနှစ်ယောက်ရဲ့ သံယောဇဉ်တွေက တဖြည်းဖြည်း နက်ရှိုင်းလာရင်း

ဒီလိုနဲ့ သူတို့ရဲ့ဆက်ဆံရေးကို စမ်းသပ်လာတဲ့ ရည်းစားဟောင်းရဲ့ဝင်ရောက်စွက်ဖက်မှု တိတ်တိတ်လေး ခံစားချက်တွေရှိနေတဲ့ အထက်အရာရှိတစ်ယောက်ရဲ့ကြားဝင်မှုတွေအပြင်... ထီအာရဲ့ကံဆိုးမှုတွေအားလုံးက မန်ကွန်ဆီကိုသာ ကျရောက်သွားလိမ့်မယ်ဆိုတဲ့ ကြက်သီးထစရာ ဟောကိန်းတစ်ခုကိုပါ ထပ်မံရင်ဆိုင်လာရတဲ့အခါ...

သူတို့ရဲ့ခြောက်လတာ စာချုပ်လေးက အချစ်စစ်အဖြစ် ပြောင်းလဲသွားမလား ဒါမှမဟုတ် ဟောကိန်းတွေအတိုင်းပဲ အဆုံးသတ်သွားမလားဆိုတာကို Contract Marriage ဇာတ်လမ်းမျိုး ကြိုက်နှစ်သက်ကြတဲ့ချစ်သူတို့အဖို့ ရင်ခုန်လှိုက်မောဖွယ် ကြည့်ရှုရမှာမို့ အခုပဲကြည့်လိုက်တော့နော်

#PoliceinLove #thaiseries #2026series #mmsub #blackhole
48000
Be My Angel (2025) logo
Be My Angel (2025)

18 oct 2026, 23:15

Photo1/2
Keaw Pisdan (2026)
အံ့ဖွယ်ဖန်လုံးတော် (၂၀၂၆)

Ep-39,40

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

#KeawPisdan #thaiseries #2026series #mmsub #blackhole
44000
Be My Angel (2025) logo
Be My Angel (2025)

18 oct 2026, 23:15

Photo1/2
Third Person (2026)
တတိယလူ (၂၀၂၆)

Ep-6

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

တို့မမGarnရဲ့ ပွဲဦးထွက် GL သစ်လေး လာပါပြီတဲ့နော်။

ခရစ်အဖြစ် Garn Nuttacha
ဆန်းအဖြစ် Mimie Bhapat
နာဒီယာအဖြစ် Piglet Charada

"ပတ်သက်မှုတစ်ခုမှာ အချစ်မခံရတဲ့လူက တတိယလူတဲ့လား"

GL Drama ပရိသတ်တွေအတွက် အချစ်၊ သံယောဇဉ်နဲ့ လျှို့ဝှက်ချက်တွေ ရောယှက်နေတဲ့ ထိုင်းဒရာမာ စီးရီးသစ်လေး "Third Person" နဲ့ မိတ်ဆက်ပေးပါရစေ။ စာရေးဆရာ SIIX ရဲ့ နာမည်ကြီး Web Novel ကို အသက်သွင်းထားတာဖြစ်ပြီး ကျွန်တော့်မမ P'Garnရဲ့ first gl ဆိုလည်းမမှားပါဘူး။

ဇာတ်လမ်းကတော့ လွန်ခဲ့တဲ့ ၄ နှစ်က မတော်တဆမှုတစ်ခုကြောင့် အတိတ်မေ့နေတဲ့ ခရစ်ဆိုတဲ့ ကောင်မလေးကနေ စတင်ပါတယ်။ သူဟာ အတိတ်ကို ဘာမှမမှတ်မိတော့ပေမဲ့ သူ့ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတဲ့ ချစ်သူကောင်မလေး နာဒီယာနဲ့အတူ အေးချမ်းတဲ့ ဘဝလေးတစ်ခုကို ဖြတ်သန်းနေတာပါ။

အရာအားလုံးက သာယာဖြောင့်ဖြူးနေတယ်လို့ ထင်ရပေမဲ့... တစ်နေ့မှာ ဆန်းလို့ခေါ်တဲ့ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက် သူတို့ဘဝထဲကို ရုတ်တရက် ဝင်ရောက်လာပါတယ်။ ဆန်း ရောက်လာတဲ့အချိန်ကစပြီး ခရစ် ယုံကြည်ထားတဲ့ အမှန်တရားတွေနဲ့ ယုံကြည်မှုတွေအားလုံး စတင်လှုပ်ခတ်လာပါတော့တယ်။

"ငါ့ရဲ့ အတိတ်မှာ မင်း မရှိခဲ့ဘူးဆိုရင်တောင်... ငါ့ရဲ့ ပစ္စုပ္ပန်မှာတော့ မင်းကလွဲပြီး တခြားသူ မရှိဘူး" ဆိုတဲ့ သံယောဇဉ်တွေကြားမှာ ဆန်း ကရော ဘယ်လို လျှို့ဝှက်ချက်တွေ သယ်ဆောင်လာတာလဲ။ နာဒီယာ ဖုံးကွယ်ထားတဲ့ အမှန်တရားကရော ဘာဖြစ်မလဲ။

သာမန် အချစ်ဇာတ်လမ်းလေး မဟုတ်ဘဲ Drama ဆန်ဆန် လျှို့ဝှက်ချက်တွေနဲ့ ရင်တမမ ရှုစားရမဲ့ GL ကားကောင်းလေးမို့ ကြည့်ရှုခံစားလိုက်ကြပါဦး။

#ThirdPerson #thaiseries #2026series #mmsub #GL #blackhole
44000
Be My Angel (2025) logo
Be My Angel (2025)

18 oct 2026, 23:14

Photo1/2
Pls Love (2026)
ချစ်ခွင့်တောင်းခံလွှာ (၂၀၂၆)

Ep-6

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ပင်လယ်ကမ်းခြေက ခဏတာ ရင်ခုန်သံဟောင်းလေးတစ်ခုက ဘန်ကောက်မြို့ရဲ့ဇိမ်ခံကလပ်တစ်ခုမှာ ပြန်လည်အသက်ဝင်လာတဲ့အခါ

ဖင်း ဖာခီနီ ထရိုင်ဆူဝတ်ထီဝပ် အဖြစ် Lena Lorena
ဖန် ဖန်အပ်ဆွန် အဖြစ် Miu Natsha

အရာရာပြည့်စုံပြီး ရေခဲတုံးလို အေးစက်လွန်းတဲ့ စီးပွားရေးလုပ်ငန်းရှင် အမွေဆက်ခံသူ ဖင်း ဖာခီနီ

ဇိမ်ခံကလပ်တစ်ခုမှာ Hostess တစ်ယောက်အဖြစ် ဘဝကို ရုန်းကန်နေရသူလေး ဖန်အပ်ဆွန်

တစ်ညတာပတ်သတ်ခဲ့ဖူးကြတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ပြန်ဆုံတွေ့ချိန်မှာ အလုပ်ရှင်နဲ့ အလုပ်သမားအဖြစ် အနီးကပ်နေထိုင်ရတဲ့အခါ….

ဖြေရှင်းမရသေးတဲ့ ခံစားချက်ဟောင်းတွေ မာနတရားတွေနဲ့ နာကျင်စရာ အထင်လွဲမှုတွေကို နှစ်ယောက်လုံး ပြန်လည်ရင်ဆိုင်ရတဲ့ချိန် ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့ ကွာဟလွန်းတဲ့ လူတန်းစား အဆင့်အတန်းတွေက သူတို့ရဲ့ဆက်ဆံရေးကိုဖျက်ဆီးဖို့ ခြိမ်းခြောက်လာချိန်မှာတော့...

အချင်းချင်း အကဲဖြတ်မှုတွေမပါဘဲ ယုံကြည်ချစ်မြတ်နိုးဖို့ သူတို့နှစ်ယောက် ဘယ်လောက်ထိ သတ္တိရှိကြမလဲဆိုတာကို ရင်ခုန်လှိုက်မောဖွယ် အသည်းယားဖွယ်အပြည့်နဲ့ ကြည့်ရှုရမယ့် အလှလေးနှစ်ယောက်ဖြစ်တဲ့ LenaMiu ရဲ့ ဒုတိယမြောက်စီးရီးလေးကို တင်ဆက်ပေးသွားမှာမို့ ရှေ့ဆုံးကနေကြည့်ဖို့ စောင့်နေလိုက်တော့နော်...

#PlsLove #thaiseries #2026series #mmsub #GL #blackhole
66000
Be My Angel (2025) logo
Be My Angel (2025)

09 oct 2026, 19:22

Photo1/2
Nour (2026)
အလင်းရောင် (၂၀၂၆)

Ep-10 ( The End )

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ဂျိမ်း အဖြစ် Boss Patthakarn  Thanasiriudom
ခန် အဖြစ် Tongtong Kitsakorn Kanogtorn
ဂျီရတ် အဖြစ် Toey Pongsakorn Mettarikanon
ချီတ အဖြစ် Phoom Chawonwat Thongyoo

စုံထောက်၊ မာဖီးယားနဲ့ ရာဇဝတ်မှုဆန်းဆန်းတွေကိုမှ 'Supernatural Fantasy'နဲ့ ပေါင်းစပ်ရိုက်ကူးထားတာမလို့
BL genres တွေထဲမှာ သိပ်မတွေ့ရတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်း..

မြို့ကြီးတစ်မြို့လုံး မီးခိုးငွေ့တွေကြားမှာ ပဟေဠိဆန်စွာ မီးလောင်ကျွမ်းမှုတွေ တဆက်တည်း ဖြစ်ပွားလာခဲ့ပါတယ်..သာမန်မဟုတ်တဲ့ ထူးဆန်းတဲ့ မီးလောင်မှုတွေကနေ..ကွင်းဆက်လူသတ်မှုတွေပါ ဖြစ်ပေါ်လာတဲ့အခါမှာတော့..ဆယ်စုနှစ်ပေါင်းများစွာ မြှုပ်နှံထားခဲ့တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အချိန်ကျလာခဲ့ပါတယ်

အဲအတွက် ဒီဆန်းကြယ်တဲ့ အမှုတွေကို လိုက်လံစုံစမ်းဖို့
တက်ကြွနေတဲ့ အရာရှိငယ် 'ဂျိမ်း' နဲ့ လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ဆန်းကြယ်လှတဲ့ ဗိုလ်မှူး'ခန်'တို့ဟာလည်း ရေစက်ဆုံဖို့ ဖြစ်လာပါတော့တယ်...

တစ်ဖက်မှာလည်း သေဆုံးသူတွေရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်စစ်ဆေးပေးနေတဲ့ မှုခင်းဆရာဝန် 'ဂျီရတ်' နဲ့ သူရဲ့ လက်ထောက် 'ချီတ'တို့.. သေခြင်းနဲ့ ရှင်ခြင်းရဲ့ ပါးလွှာလှတဲ့ စည်းကြားမှာ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားရင်း နှစ်ဦးကြား သံယောဇဉ်တွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်..

ဒီလိုနဲ့ အမှုတွေပေါင်းဆုံသွားချိန်မှာတော့ ဒီမီးလောင်မှုတွေရဲ့နောက်ကွယ်မှာ မျိုးဆက်ပေါင်းများစွာ စွဲကပ်လာခဲ့တဲ့ ကျိန်စာဆိုးကြီးတစ်ခုနဲ့ ဆက်နွှယ်နေမှန်း သိလိုက်ရတဲ့အခါ...

သေခြင်းတရား ချစ်ခြင်းမေတ္တာ တရားမျှတမှုနဲ့ လက်စားချေမှုတွေကြား သူတို့ ၄ ယောက်ရဲ့ ကံကြမ္မာ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ ကြည့်ရှုလို့ရနေပါပြီ။

#Nour #thaiseries #2026series #mmsub #BL #blackhole
327000
Be My Angel (2025) logo
Be My Angel (2025)

09 oct 2026, 19:22

Photo1/2
Dark Legacy (2026)
အမှောင်ဖုံးတဲ့အမွေအနှစ် (၂၀၂၆)

Ep-2

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

Kahol အဖြစ် Ken Phupoom Phongpanupak
Wasitthi အဖြစ် Mintshi Sattanan Thongsombun


ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးတစ်ဦး သေဆုံးပြီးနောက်မှာ သူ့ရဲ့အမွေအနှစ်တွေကို ရယူဖို့အတွက် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့တဲ့ မိသားစုဝင်တွေဟာ ဝေးလံခေါင်သီတဲ့ အိမ်ကြီးတစ်လုံးမှာ စုဝေးလာကြပါတယ်။

ဒါပေမဲ့ အမွေခွဲဝေဖို့ မစခင်မှာပဲ မိသားစုဝင်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။

အစပိုင်းမှာတော့ မတော်တဆမှုတစ်ခုလို့ ထင်ခဲ့ကြပေမယ့် နောက်ထပ်လူတစ်ယောက် ထပ်မံသေဆုံးလာတဲ့အခါမှာတော့ အားလုံးဟာ ဒီအိမ်ကြီးထဲမှာ လူသတ်သမားတစ်ယောက် ရှိနေပြီဆိုတာ သဘောပေါက်လာကြပါတယ်။

အပြင်ထွက်ဖို့လမ်းမရှိတော့တဲ့အခါ တစ်ယောက်ကိုတစ်ယောက် သံသယဝင်လာကြပြီး နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်တွေက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။

ဒါပေမဲ့ သူတို့မသိသေးတာတစ်ခုက...
သူဌေးကြီးသေဆုံးမှုဟာ ဒီအရာအားလုံးရဲ့အစ ဖြစ်နေခဲ့တာပါ။

တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အချိန်မှာတော့.... လူသတ်သမားက ဘယ်သူဖြစ်မလဲ ဆိုတဲ့မေးခွန်းထက် ပိုကြောက်စရာကောင်းတဲ့ မေးခွန်းတစ်ခု ပေါ်လာပါတယ်။
အဲဒါကတော့ အိမ်ကြီးထဲမှာ လူသတ်သမား ဘယ်နှယောက်ရှိနေလဲဆိုတာပါပဲ....

အသက်ရှင်သူတွေထဲမှာ အမှန်တရားကို သိသွားတဲ့ သူရှိပါ့မလား...
အမွေတွက်လာခဲ့တဲ့သူတွေထဲမှာ နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကို ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။

#DarkLegacy #thaiseries #2026series #mmsub #blackhole
283000
Be My Angel (2025) logo
Be My Angel (2025)

09 oct 2026, 19:22

Photo1/2
The Outlaws Tiger Wrath (2026)
ကျားသစ်မျိုးနွယ်ရဲ့ဒေါသ (၂၀၂၆)

Ep-5,6 ( The End )

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ဆူအာ ထမ် အဖြစ် Punjai Parma
ဆောင် အဖြစ် Pim Panward

ဖတ်ထလုံ ထရန်နဲ့ နခွန်စီထမ်မရတ် မြို့တွေကြားက နာမည်ကြီး ဓားပြနယ်မြေမှာ ဘုန်းကြီးကျောင်းမှာ တရားဓမ္မတွေနဲ့ အေးချမ်းစွာ ကြီးပြင်းလာခဲ့ရတဲ့ ကျောင်းသားလေး ထမ်

ကံကြမ္မာရဲ့တွန်းပို့မှုကြောင့် ဓားပြခေါင်းဆောင်ကြီး ဆူအာ ခလူအမ်ရဲ့တောင်ပံအောက်ကို ရောက်ရှိသွားပြီး လူတိုင်းတုန်လှုပ်ကြောက်ရွံ့ရတဲ့ ဓားပြကြီး ဆူအာ ထမ် အဖြစ်နဲ့ ပြောင်းလဲသွားတဲ့အခါ

ဂမ္ဘီရအစွမ်းတွေနဲ့ နာမည်ကြီးလာပေမဲ့ တကယ်တမ်းမှာတော့ သူ့ဘဝက အကြမ်းဖက်မှုတွေ သစ္စာဖောက်မှုတွေနဲ့ အဆုံးမရှိတဲ့ သွေးထွက်သံယိုမှုတွေကြားမှာ ရုန်းထွက်မရအောင် ပိတ်မိနေခဲ့ရင်း

ဒီလိုအမှောင်မိုက်ဆုံးအချိန်တွေမှာ ထမ့်အတွက် တစ်ခုတည်းသော အလင်းရောင်နဲ့ နှစ်သိမ့်ရာဖြစ်နေခဲ့တဲ့ မိန်းမလှလေး ဆောင်

သေမင်းတမန် တိုက်ပွဲတွေ အစပြုဖို့အတွက် ဒီဒေသက ဓားပြတွေကို အမြစ်ဖြတ်နှိမ်နင်းဖို့ ရဲဗိုလ်ကြီး ရတ်ဘူရာဖာပါရက် ရောက်ရှိလာတဲ့အခါမှာတော့

ပြိုင်ဘက်ဓားပြဂိုဏ်းတွေကြားက အားပြိုင်မှုတွေ ပိုပြင်းထန်လာချိန်မှာပဲ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ ထမ်ရဲ့မွေးဖွားရာ ဇာစ်မြစ်အမှန်ကလည်း နေမီးအလား ပေါ်ထွက်လာတဲ့အခါ...

ထမ်တစ်ယောက် လူတိုင်းကြောက်ရွံ့ရတဲ့ ဓားပြကြီးဘဝနဲ့ပဲ ရှေ့ဆက်မလား...
ဒါမှမဟုတ် သူ့ရဲ့ပျောက်ဆုံးနေတဲ့ လူသားဆန်မှုတွေကို ပြန်လည်ရယူမယ့်လမ်းကိုပဲ ရွေးချယ်မလားဆိုတာကို
အက်ရှင်အကြမ်းစားတွေနဲ့ ရင်တမမ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို သောကြာနေ့တိုင်း စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ

#TheOutlawsTigerWrath #thaiseries #2026series #mmsub #blackhole
211000
Be My Angel (2025) logo
Be My Angel (2025)

09 oct 2026, 19:22

Photo1/2
Unlucky Bae (2026)
ကံဆိုးသူလေးရဲ့ အချစ်စွန့်စားခန်း (၂၀၂၆)

Ep-10 ( The End )

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

အန်လပ်ကီး ဘေး ဆိုတဲ့ ထိုင်းဘီအယ်လ် ဇာတ်လမ်းလေးမှာတော့ မိသားစုရဲ့ ယုံကြည်မှုတွေကို မလိုက်ချင်ဘဲ ရှောင်ပြေးနေတဲ့ စတိုင်ကျတဲ့ကောင်လေး ရင် ဆိုတဲ့တစ်ယောက်က ရည်းစားဟောင်းနဲ့ ကွဲသွားပြီး လူသစ်နဲ့တွဲနေတာကို မြင်လိုက်ရကတည်းက ရတက်မအေးဖြစ်ပြီး ဒုက္ခတွေနဲ့ ရင်ဆိုင်ရချိန်မှာ သူ့ကို ကာကွယ်ပေးဖို့ အနားမှာရှိနေပေးမယ့် ကိုဘ်ဖာ ဆိုတဲ့ကောင်လေးနဲ့ ဆုံဖြစ်သွားပြီးတော့ ကံကြမ္မာဆိုးတွေကို အတူကျော်ဖြတ်ရင်းနဲ့ နောက်ဆုံးမှာ တကယ်ချစ်သူတွေ ဖြစ်သွားကြတဲ့အကြောင်းကို ဟာသနှောပြီး ရိုက်ကူးထားတာပါ။

#UnluckyBae #thaiseries #2026series #mmsub #BL #blackhole
179000
Be My Angel (2025) logo
Be My Angel (2025)

09 oct 2026, 19:22

Photo1/2
Treasure Lovers (2026)
ရတနာကျွန်းပေါ်ကဖူးစာ (၂၀၂၆)

Ep-14

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ဖရယ်ဝါ/ရွန်အဖြစ် Pie Rinrada Kaewbuasai

ချာလမ်အဖြစ် Ryu Vachirawich Watthanaphakdeephaisanတို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပါတယ်။

<ဇာတ်လမ်းအကျဉ်း>

ကျိန်စာသင့်နေတဲ့သင်္ဘောသားချာလမ်နဲ့ အိမ်ကစီစဉ်တဲ့မင်္ဂလာပွဲကိုပစ်ပြီးထွက်ပြေးလာတဲ့ Youtuberမလေးဖရယ်ဝါတို့ရဲ့ ပင်လယ်စွန့်စားခန်းဇာတ်လမ်းလေးဖြစ်ပါတယ်။

ဖရယ်ဝါဟာ ပျောက်ဆုံးသွားတဲ့ သူမရဲ့မိဘတွေရဲ့အဖြစ်မှန်ကိုသိချင်လို့ ချာလမ်ရဲ့သင်္ဘောပေါ်ခိုးလိုက်သွားခဲ့ပါတယ် သူတို့နှစ်ယောက်ရဲ့အဓိကပန်းတိုင်ကတော့ ပင်လယ်နတ်ဘုရားဆီကနေ ဆုတောင်းတစ်ခုတောင်းဆိုခွင့်ရစေမယ့် ဒဏ္ဍာရီလာ"ပတ္တမြားနက်မျက်နှာဖုံး"ကို အပြိုင်အဆိုင်လိုက်ရှာဖို့ဖြစ်နေတာပါပဲ။

သင်္ဘောသားချာလမ်ကလည်း သူ့ကျိန်စာကိုပြယ်ချင်သလို ဖရယ်ဝါကလည်း သူမမိဘတွေရဲ့အမှန်တရားကိုသိချင်နေတာပါ ဒီလိုနဲ့ ရန်သူလိုလို မိတ်ဆွေလိုလိုနဲ့ ပင်လယ်ပြင်မှာအတူတူစွန့်စားရင်း အန္တရာယ်တွေကိုရင်ဆိုင်ရင်းနဲ့ နောက်ဆုံးမှာ သူတို့လိုချင်တဲ့ပတ္တမြားနက်မျက်နှာဖုံးကိုရသွားမလား ဆုတောင်းတွေပြည့်ပါ့မလားဆိုတာကို အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့ကြာသပတေးနေ့များမှာ လာရောက်ကြည့်ရှုအားပေးနိုင်ပါပြီ။

#TreasureLovers #thaiseries #2026series #mmsub #blackhole
131000
Be My Angel (2025) logo
Be My Angel (2025)

09 oct 2026, 19:22

Photo1/2
Cycle Of Sin (2026)
အမှောင်ဖုံးတဲ့အချစ်စက်ဝိုင်း (၂၀၂၆)

Ep-9,10 ( The End )

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ချစ်ခြင်း မုန်းခြင်းနဲ့ လှည့်ကွက်တွေကြားထဲက ကြီးမားတဲ့ အပြစ်မကင်းမှုတွေရဲ့ သံသရာ...

နတ် အဖြစ် Porshe Saran Sirilak
ယိုထာကာ အဖြစ် Pear Pitchapa Phanthumchinda
ဖမ် အဖြစ် Preaw Tussaneeya Karnsomnut
ဖိ အဖြစ် Au Kittipon Tippayatayarut

ဇာတ်လမ်းအကျဉ်း

ပြိုပျက်လုနီးပါးဖြစ်နေတဲ့ အိမ်ထောင်ရေးကို ပြန်လည်ကုစားဖို့နဲ့ အစက ပြန်စဖို့အတွက် ‌ယောက်ျားဖြစ်သူ 'နတ်'ရဲ့ ဘိုးဘွားပိုင် ရှေးဟောင်းအိမ်ကြီးဆီကို ပြောင်းရွှေ့နေထိုင်ဖို့ 'ယို' တစ်ယောက် ဆုံးဖြတ်ခဲ့ပါတယ်..ဒါပေမယ့် အဲဒီအိမ်ကြီးဆီ ရောက်ရှိသွားတဲ့အခါမှာတော့ သာယာတဲ့ အနာဂတ်အစား မထင်မှတ်ထားတဲ့ ထိတ်လန့်စရာ အဖြစ်အပျက်တွေကသာ စောင့်ကြိုနေခဲ့ပါတယ်...

အချိန်ကြာလာတာနဲ့အမျှ အိမ်ကြီးရဲ့ အမှောင်ထုကြားထဲမှာ ဆန်းကြယ်တဲ့ မသင်္ကာဖွယ်ရာ အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး..အနီးအနားမှာရှိတဲ့ လူတွေကလည်း အမှန်တရားကို ဖုံးကွယ်ထားကြမှန်း 'ယို' စတင်ရိပ်မိလာတဲ့အခါ...

ဆန်းကြယ်မှုတွေနဲ့ မှောင်မိုက်နေတဲ့ လျှို့ဝှက်ချက်တွေကို တစ်ခုပြီးတစ်ခု ဖော်ထုတ်ရင်း..ဒီမိသားစုရဲ့မကောင်းဆိုးဝါးဆန်တဲ့ နောက်ကြောင်းတွေ အမှားတွေကို တွေ့လာရပါတော့တယ်...

အဲအတွက် အမှန်တရားရဲ့ နောက်ကွယ်က လိမ်လည်မှုတွေနဲ့ အပြစ်ဒဏ်တွေကြား ဘယ်သူက လွတ်မြောက်နိုင်မှာလဲဆိုတာကိုတော့ အခုပဲကြည့်ရှုလို့ရပါပြီ ။

#CycleOfSin #thaiseries #2026series #mmsub #blackhole
133000
Be My Angel (2025) logo
Be My Angel (2025)

08 oct 2026, 11:19

Photo1/2
Decoding You (2026)
မင်းရဲ့အချစ် (၂၀၂၆)

Ep-1

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ကစ် ကစ်တီဖတ်အဖြစ် Thakhi
နွန် နွန်ထာဝပ်အဖြစ် Friendတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

<ဇာတ်လမ်းအကျဉ်း>

ကစ်ဟာ Data Analyticsကုမ္ပဏီရဲ့ အောင်မြင်ပြီး တည်ငြိမ်တဲ့စီအီးအိုတစ်ယောက်ဖြစ်ပြီး မိသားစုနဲ့ တာဝန်ကို အမြဲထိပ်ဆုံးမှာထားပြီးနေထိုင်ခဲ့သူပေါ့ ဒါပေမယ့်လည်း ချစ်သူဟောင်းနဲ့ပတ်သက်တဲ့သတင်းဆိုးတစ်ခုကြောင့် သူ့သိက္ခာထိခိုက်လာရတဲ့အခါ ချုပ်ကိုင်လိုစိတ်ကြီးတဲ့သူ့အမေက ဒီပြဿနာကိုဖြေရှင်းဖို့အတွက် (အတုအယောင်မင်္ဂလာဆောင်)တစ်ခုလုပ်ခိုင်းလိုက်ခဲ့ပါတယ်။

သူမင်္ဂလာဆောင်ရမယ့်လူကတော့ ကစ်ကို ငယ်ငယ်တည်းက တိတ်တခိုးချစ်နေခဲ့ရတဲ့ မွေးစားညီလေးနွန်ဖြစ်နေတာပါပဲ ဟန်ပြစာချုပ်အတုနဲ့စတင်ခဲ့တဲ့ဒီဆက်ဆံရေးဟာ နွန်ဘက်က ကစ်ရဲ့အရိပ်အောက်ကနေခွဲထွက်လာတဲ့အခါမှာ‌တော့ တဖြည်းဖြည်းမတူညီတဲ့အလှည့်အပြောင်းတွေဖြစ်လာပါတော့တယ်။

နွန်တစ်ယောက် တခြားလူတွေရဲ့မျက်စိကျတာခံလာရတဲ့အခါ ကစ်ရဲ့ရင်ထဲမှာ မသိစိတ်ကငြင်းဆန်လို့မရတဲ့ သဝန်တိုစိတ်နဲ့ အချစ်ခံစားချက်တွေ စတင်နိုးကြားလာခဲ့ပါတယ် ဒါပေမယ့် သူတို့ရဲ့ဆက်ဆံရေးက လူထုကြားထဲသတင်းကြီးပြီး ဂယက်ထလာတဲ့အခါ ကစ်တစ်ယောက် သူခက်ခက်ခဲခဲ တည်ဆောက်ထားခဲ့ရတဲ့ ပြီးပြည့်စုံတဲ့ဘဝကြီးကိုကာကွယ်မလား ဒါမှမဟုတ် မထင်မှတ်ဘဲရောက်ရှိလာတဲ့ ဒီအချစ်စစ်အတွက် ဘဝတစ်ခုလုံးကိုစွန့်စားမလားဆိုတာကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်းစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါပြီ။

#DecodingYou #thaiseries #2026series #mmsub #BL #blackhole
206000
Be My Angel (2025) logo
Be My Angel (2025)

08 oct 2026, 11:19

Photo1/2
Brothers (2026)
သွေးရင်းတွေရဲ့နှလုံးသား (၂၀၂၆)

Ep-16 ( The End )

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

မင်းသားNadechပါဝင်ထားပြီး အက်ရှင်ဒရာမာကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ထိုင်းဇာတ်လမ်းတွဲသစ်လေး ဖြစ်ပါတယ်..

အို့ အဖြစ် Nadech Kugimiya
ဒုမ် အဖြစ် James Ma
ဖွန် အဖြစ် Amanda Chalisa Obdam
ချမ့် အဖြစ် Aong Sittan Supakriangkrai

ဇာတ်လမ်းအကျဉ်း

မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုရဲ့ နောက်ကွယ်က သြဇာကြီးမားတဲ့ 'အို့' ဆိုတဲ့ လူရဲ့ ရာဇဝတ်မှု‌တွေထဲကို လျှို့ဝှက်စုံစမ်းဖို့အတွက် လက်ဝှေ့သမား 'ဒုမ်' တစ်ယောက် သူလျိုအဖြစ် ဂိုဏ်းထဲကို ဝင်ရောက်ခဲ့ပါတယ်..

စုံစမ်းစစ်ဆေးမှုတွေ ပိုမိုပြင်းထန်လာတဲ့အခါမှာတော့ 'ဒုမ်'ရဲ့ ဇနီးဖြစ်သူ ရဲအရာရှိမလေး 'ဖွန်' က သူမရဲ့ခင်ပွန်းကို ကယ်တင်နိုင်ဖို့အတွက် 'အို့' ရဲ့ အန္တရာယ်များလှတဲ့ ဒုစရိုက်ကမ္ဘာထဲကို ကိုယ်တိုင်ဝင်ရောက်စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါ‌တော့တယ်..

ဒါပေမယ့် မထင်မှတ်ဘဲ အန္တရာယ်ဇုန်ထဲမှာ 'ဖွန်' တွေ့လိုက်ရတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပျောက်သွားခဲ့တဲ့ သူမရဲ့အချစ်ဦး 'အို့' ပဲ ဖြစ်နေခဲ့ပါတယ်.. အတိတ်က သံယောဇဉ်တွေကို ပြန်လည်နိုးထစေချင်တဲ့ အချစ်ဦး 'အို့' နဲ့ သူမကို ချစ်ခင်ယုယပေးတဲ့ ခင်ပွန်းဖြစ်သူ 'ဒုမ်' တို့နှစ်ယောက်ကြား စစ်မှန်တဲ့အချစ်နဲ့ သစ္စာဖောက်မှုတွေ ရောထွေးလာတဲ့အခါမှာ 'ဖွန်' တစ်ယောက် အခက်တွေ့တဲ့ ရွေးချယ်မှုကို ရင်ဆိုင်ရပါတော့တယ်..

တစ်ဖက်မှာလည်း အာဏာကို မက်မောပြီး မည်သူ့ကိုမဆို ရှင်းပစ်ဖို့ ပြင်ဆင်နေတဲ့ ရဲအရာရှိ 'ချမ့်' ကလည်း နောက်ကွယ်မှာ ချောင်းမြောင်းနေတဲ့အခါ...

လျှို့ဝှက်ချက်တွေ ပေါ်လာပြီး အသက်နဲ့ရင်းရမယ့် စိန်ခေါ်မှုတွေကြားထဲက သူတို့သုံးယောက်ရဲ့ ကံကြမ္မာ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။

#Brothers #thaiseries #2026series #mmsub #blackhole
172000
Be My Angel (2025) logo
Be My Angel (2025)

08 oct 2026, 11:19

Photo1/2
Treasure Lovers (2026)
ရတနာကျွန်းပေါ်ကဖူးစာ (၂၀၂၆)

Ep-13

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ဖရယ်ဝါ/ရွန်အဖြစ် Pie Rinrada Kaewbuasai

ချာလမ်အဖြစ် Ryu Vachirawich Watthanaphakdeephaisanတို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပါတယ်။

<ဇာတ်လမ်းအကျဉ်း>

ကျိန်စာသင့်နေတဲ့သင်္ဘောသားချာလမ်နဲ့ အိမ်ကစီစဉ်တဲ့မင်္ဂလာပွဲကိုပစ်ပြီးထွက်ပြေးလာတဲ့ Youtuberမလေးဖရယ်ဝါတို့ရဲ့ ပင်လယ်စွန့်စားခန်းဇာတ်လမ်းလေးဖြစ်ပါတယ်။

ဖရယ်ဝါဟာ ပျောက်ဆုံးသွားတဲ့ သူမရဲ့မိဘတွေရဲ့အဖြစ်မှန်ကိုသိချင်လို့ ချာလမ်ရဲ့သင်္ဘောပေါ်ခိုးလိုက်သွားခဲ့ပါတယ် သူတို့နှစ်ယောက်ရဲ့အဓိကပန်းတိုင်ကတော့ ပင်လယ်နတ်ဘုရားဆီကနေ ဆုတောင်းတစ်ခုတောင်းဆိုခွင့်ရစေမယ့် ဒဏ္ဍာရီလာ"ပတ္တမြားနက်မျက်နှာဖုံး"ကို အပြိုင်အဆိုင်လိုက်ရှာဖို့ဖြစ်နေတာပါပဲ။

သင်္ဘောသားချာလမ်ကလည်း သူ့ကျိန်စာကိုပြယ်ချင်သလို ဖရယ်ဝါကလည်း သူမမိဘတွေရဲ့အမှန်တရားကိုသိချင်နေတာပါ ဒီလိုနဲ့ ရန်သူလိုလို မိတ်ဆွေလိုလိုနဲ့ ပင်လယ်ပြင်မှာအတူတူစွန့်စားရင်း အန္တရာယ်တွေကိုရင်ဆိုင်ရင်းနဲ့ နောက်ဆုံးမှာ သူတို့လိုချင်တဲ့ပတ္တမြားနက်မျက်နှာဖုံးကိုရသွားမလား ဆုတောင်းတွေပြည့်ပါ့မလားဆိုတာကို အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့ကြာသပတေးနေ့များမှာ လာရောက်ကြည့်ရှုအားပေးနိုင်ပါပြီ။

#TreasureLovers #thaiseries #2026series #mmsub #blackhole
139000
Be My Angel (2025) logo
Be My Angel (2025)

08 oct 2026, 11:19

Photo1/2
Under The Working Desk (2026)
ဘဝရဲ့ပြန်လည်စတင်ခေါ်သံ (၂၀၂၆)

Ep-17

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

One31 ရုပ်သံလိုင်းမှ ထုတ်လွှင့်သော ရုံးတွင်းဟာသ (Office Sitcom) အမျိုးအစားဖြစ်ပြီး၊ ဒေဝါလီခံရလုနီးပါးဖြစ်နေသည့် ‘Brief Here Bangkok’ ကြော်ငြာအေဂျင်စီတစ်ခုအတွင်း စွမ်းဆောင်ရည်ညံ့ဖျင်းသူများကို အလုပ်ထုတ်မည်ဟု သူဌေးဖြစ်သူက ကြေညာလိုက်ရာမှ စတင်ကာ ဝန်ထမ်းများဖြစ်ကြသည့် တင်တင် (Pueak Pongsatorn)၊ ချို (Bo Thanakorn)၊ ပလုမ်း (Art Marut) နှင့် အိုင့် (DJ Aoi) တို့အပါအဝင် အသက်အရွယ်စုံ၊ စရိုက်စုံလင်လှသည့် လုပ်ဖော်ကိုင်ဖက်တစ်စု ရာထူးတည်မြဲရေးနှင့် ခေါင်းမာလှသော ဖောက်သည်များကို ရင်ဆိုင်ရင်း ရုံးတွင်းအလွဲလွဲအချော်ချော် အားပြိုင်မှုများကို ဟာသနှောကာ ရိုက်ကူးထားခြင်းဖြစ်ပြီး၊ အခက်အခဲများကြားက အရှုံးမပေးဘဲ အတူတကွ ရုန်းကန်ပုံနှင့် မတူကွဲပြားသည့် မျိုးဆက်သစ်/ဟောင်းကြား အပေးအယူမျှတစွာ သင်ယူရုန်းကန်ရပုံတို့ကို ခံစားရစေမည့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါသည်။


#UnderTheWorkingDesk #thaiseries #2026series #mmsub #blackhole
113000
Be My Angel (2025) logo
Be My Angel (2025)

08 oct 2026, 11:19

Photo1/2
Dark Legacy (2026)
အမှောင်ဖုံးတဲ့အမွေအနှစ် (၂၀၂၆)

Ep-1

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

Kahol အဖြစ် Ken Phupoom Phongpanupak
Wasitthi အဖြစ် Mintshi Sattanan Thongsombun


ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးတစ်ဦး သေဆုံးပြီးနောက်မှာ သူ့ရဲ့အမွေအနှစ်တွေကို ရယူဖို့အတွက် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့တဲ့ မိသားစုဝင်တွေဟာ ဝေးလံခေါင်သီတဲ့ အိမ်ကြီးတစ်လုံးမှာ စုဝေးလာကြပါတယ်။

ဒါပေမဲ့ အမွေခွဲဝေဖို့ မစခင်မှာပဲ မိသားစုဝင်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။

အစပိုင်းမှာတော့ မတော်တဆမှုတစ်ခုလို့ ထင်ခဲ့ကြပေမယ့် နောက်ထပ်လူတစ်ယောက် ထပ်မံသေဆုံးလာတဲ့အခါမှာတော့ အားလုံးဟာ ဒီအိမ်ကြီးထဲမှာ လူသတ်သမားတစ်ယောက် ရှိနေပြီဆိုတာ သဘောပေါက်လာကြပါတယ်။

အပြင်ထွက်ဖို့လမ်းမရှိတော့တဲ့အခါ တစ်ယောက်ကိုတစ်ယောက် သံသယဝင်လာကြပြီး နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်တွေက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။

ဒါပေမဲ့ သူတို့မသိသေးတာတစ်ခုက...
သူဌေးကြီးသေဆုံးမှုဟာ ဒီအရာအားလုံးရဲ့အစ ဖြစ်နေခဲ့တာပါ။

တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အချိန်မှာတော့.... လူသတ်သမားက ဘယ်သူဖြစ်မလဲ ဆိုတဲ့မေးခွန်းထက် ပိုကြောက်စရာကောင်းတဲ့ မေးခွန်းတစ်ခု ပေါ်လာပါတယ်။
အဲဒါကတော့ အိမ်ကြီးထဲမှာ လူသတ်သမား ဘယ်နှယောက်ရှိနေလဲဆိုတာပါပဲ....

အသက်ရှင်သူတွေထဲမှာ အမှန်တရားကို သိသွားတဲ့ သူရှိပါ့မလား...
အမွေတွက်လာခဲ့တဲ့သူတွေထဲမှာ နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကို ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။

#DarkLegacy #thaiseries #2026series #mmsub #blackhole
105000
Be My Angel (2025) logo
Be My Angel (2025)

08 oct 2026, 11:19

Photo1/2
Khom Khlang (2026)
နှလုံးသားအင်းကွက် (၂၀၂၆)

Ep-5

Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော်

ဘူလန်အဖြစ် Bint Sireethorn
ဖင်းအဖြစ် Puinoon Warangsiri

GL ပရိသတ်တွေအတွက် ရိုးရိုး Romance တွေ ရိုးအီနေပြီဆိုရင်တော့ အောက်လမ်းပညာ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ အချစ်ကို ရောမွှေထားတဲ့ ဝီတီဗီကနေ အသစ်စက်စက် ထွက်ရှိလာမဲ့ GL series သစ်လေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။

ဒီဇာတ်လမ်းလေးကတော့ Star hunter entertainment ရဲ့ တတိယ GL စီးရီးလေးဖြစ်ပြီး ကျွန်တော်တို့ရဲ့ Love senior အတွဲလေးဖြစ်တဲ့ Anda-Lookkaew လည်း ပါဝင်သွားမှာပါ။

ဇာတ်လမ်းအစမှာတော့ အရာရာကို လက်တွေ့ကျကျ စဉ်းစားတတ်ပြီး ယုတ္တိဗေဒကိုသာ ယုံကြည်တဲ့ ရဲမေမလေး တစ်ယောက်ဟာ မထင်မှတ်ဘဲ အမှုတစ်ခုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရှေးဟောင်းယုံကြည်မှုတွေ၊ ဂါထာမန္တန် အစီအရင်တွေကို လက်ကိုင်ထားတဲ့ ဆရာတစ်ယောက်နဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ရဖို့ အကြောင်းဖန်လာပါတော့တယ်။

တစ်ယောက်က အထောက်အထားနဲ့ ဥပဒေကို ယုံကြည်သူ၊ နောက်တစ်ယောက်က မမြင်ရတဲ့ နာမ်လောကနဲ့ အောက်လမ်းပညာတွေကို ယုံကြည်သူ... ရေနဲ့မီးလို လုံးဝ (လုံးဝ) ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက် ရှေးဟောင်းစာပေတွေ၊ လျှို့ဝှက်သင်္ကေတတွေနဲ့ ပြည့်နှက်နေတဲ့ အမှုကြီးရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါ...

အမှုက တဖြည်းဖြည်း နက်ရှိုင်းလာတာနဲ့အမျှ သူတို့နှစ်ယောက်ကြားက သံယောဇဉ်ကလည်း နောက်ဆုတ်လို့မရအောင် ရစ်ပတ်လာပါတော့တယ်။ တရားခံကို ရှာဖွေရင်း ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာရဲ့ ဆွဲဆောင်မှုအောက်မှာ သူတို့နှစ်ယောက် ဘယ်လို ရှေ့ဆက်ကြမလဲ။

နာမည်ကြီး ဝတ္ထု "Formidable Eyes" ကို အခြေခံရိုက်ကူးထားပြီး Mystic ဖြစ်တဲ့ အငွေ့အသက်တွေ၊ Occult ပညာရပ်တွေကြားထဲကနေ ပေါက်ဖွားလာမယ့် ဇာတ်လမ်းလေးမို့ Thriller နဲ့ Romance ကို ချိန်သားကိုက် ပေါင်းစပ်ထားတဲ့ Vibe မျိုးကို ခံစားရမှာ အသေအချာပါပဲ။ ဇာတ်အိမ်ခိုင်ခိုင်မာမာ ဆွဲခေါ်သွားမယ့် စီးရီးလေးဖြစ်လို့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။


#KhomKhlang #thaiseries #2026series #mmsub #GL #blackhole
98000

Showing 30 of 88 posts

Calificación

Se requiere iniciar sesión

Frequently Asked Questions

¿De qué trata el canal de Telegram Be My Angel (2025)?+

Be My Angel (2025) (@thaiongoingmm) es un canal de Telegram en Espiritualidad en tgdio. Este perfil muestra ranking, valoraciones, reseñas y publicaciones recientes para decidir antes de suscribirte. Actualmente lista unos 21.028 suscriptores en tgdio.

¿Cómo me uno a Be My Angel (2025) (@thaiongoingmm) en Telegram?+

Abre el perfil del canal en tgdio y usa Join / Open in Telegram para ir a @thaiongoingmm y suscribirte gratis.

¿Es Be My Angel (2025) un buen canal de Espiritualidad?+

En tgdio puedes ver la valoración, reseñas, ranking y publicaciones de Be My Angel (2025) antes de unirte. Actualmente lista unos 21.028 suscriptores en tgdio. Compáralo con canales similares de Espiritualidad.

¿Dónde veo las estadísticas y publicaciones de Be My Angel (2025)?+

En tgdio, abre la página de @thaiongoingmm para estadísticas, ranking, valoraciones y publicaciones. Usa Stats para gráficos de crecimiento.