1/2https://t.me/+LY54rC2A-uUwMzRl
ဂုံယွန်းဆူ (Nam Ji-Hyun) ဟာ ရိုးရာဓလေ့နဲ့ယဉ်ကျေးမှုကို အလေးထားတဲ့ ရှေးရိုးစွဲမိသားစုမှာ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီး သူမကိုယ်တိုင်လည်း ရှေးရိုးစွဲ စည်းမျဉ်း၊ စံနှုန်းတွေနဲ့ပဲ စနစ်တကျ နေထိုင်သူ ဖြစ်ပါတယ်။ ကြော်ငြာအေဂျင်စီတစ်ခုမှာ မားကတ်တင်းဝန်ထမ်းအဖြစ် အလုပ်လုပ်နေသူပါ…။
တစ်နေ့မှာတော့ သူ့ဆီ Client အဖြစ် ရောက်ရှိလာတဲ့ ညစ်ညမ်းအရုပ် Startup ကုမ္ပဏီရဲ့ ကိုယ်စားလှယ် ဒို့ဂိုဒါးလ် (Kim Jae-Young) နဲ့ ဆုံတွေ့ခဲ့ရပါတယ်။ ဒို့ဂိုဒါးလ်ကတော့ သူနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပြီး အချစ်နဲ့ ပတ်သက်ရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းဆိုတာ မရှိဘူးလို့ ယုံကြည်ထားသူ ဖြစ်သလို စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ် ပေါင်းစည်းမှုကိုလည်း အရေးကြီးတယ်လို့ တစ်သားတည်း သတ်မှတ်ထားသူပါ…။
ကြော်ငြာအေဂျင်စီ ဝန်ထမ်းနဲ့ Client အဖြစ် ဆုံတွေ့ကြတဲ့ သူတို့ နှစ်ယောက် ..
အတွေးအခေါ် မတူဘဲ အမြဲလိုလို ထိပ်တိုက်တွေ့၊ ငြင်းခုံကြရင်းကနေ ဘယ်လိုအချစ်ဇာတ်လမ်း ဖြစ်လာမလဲဆိုတာကိုတော့…ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော်









