စစ်တပ်က အုပ်ချုပ်ရေးပြန်စရန် ကြိုးပမ်းနေသော စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စစ်တပ်ယာဉ်တန်း တစ်ခုကို AA ၊ BPLAနှင့် အထူးလှုပ်ရှားတပ်မ (ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး) တို့ကကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကားနှစ်စီး မီးလောင်ကာ လက်နက်ခဲယမ်းများရခဲ့သည်။
ကချင်ပြည်နယ် ဝင်ပေါက်နယ်မြေများဖြစ်သော စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စစ်တပ်က နယ်မြေ စိုးမိုးမှုရယူ၍ တော်လှန်ရေးအားကောင်းသည့်ဒေသများ၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ရန် ကြိုးပမ်းနေသည်။
ယခုနှစ်ဆန်းတွင် ဗန်းမောက်၊ အင်းတော်၊ မော်လူး၊ ကသာတို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် ပြင်ဆင်နေသည်။
လက်ရှိတွင် NUG အနေဖြင့် စစ်ကိုင်းတိုင်းအတွင်း ခမ်းပတ်၊ ရွှေပြည်အေးနှင့် ပင်လည်ဘူးမြို့တို့ကိုသာ ထိန်းချုပ်ထားနိုင်သည့် အခြေအနေ ဖြစ်သည်။
---------------------------
သတင်းအပြည့်အစုံကို အောက်ပါ လင့်တွင် ဖတ်ရှုနိုင်ပါသည်။
https://myanmar-now.org/mm/news/74575/