English အသံထွက် ပီသကောင်းမွန်ဖို့ ဒီနည်းလေး နှစ်ခုကို လိုက်လုပ်ကြည့်နော်
ဒီနေ့မှာတော့ မိနစ် 20လောက် ပေးရုံပဲ လိုတဲ့ လေ့ကျင့်နည်းတွေကို နွေး ပြောပြပေးထားပါတယ်
▪️များများနားထောင်ပါ။
သွက်လက်မှန်ကန်စွာ ပြောနိုင်စေဖို့အတွက် များများနားထောင်ဖို့ လိုအပ်ပါတယ်။ နွေးတို့တွေ မိခင်မြန်မာဘာသာစကားကို စပြီးပြောနိုင်လာတယ်ဆိုတာ မပြောတတ်ခင် ကလေးလေးတုန်းက ဒီဘာသာစကားနဲ့ Exposure များများရှိခဲ့လို့ပါ။ အလုပ်လုပ်ရင်း Podcastလေးတွေ နားထောင်တာမျိုးက အများကြီးအထောက်ကူဖြစ်စေမှာပါ။ကိုယ်ကြိုက်တာ နားထောင်နိုင်ပါတယ်။
ဒီမှာတော့ နွေး နားထောင်နေကျ Podcast တွေကို Mentionပေးလိုက်မယ်နော်။
The Diary of a CEO
ဒါကတော့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေး၊ကိုယ်ကျန်းမာရေးစသဖြင့် အကုန်အကုန် တိုးတက်လာစေဖို့ ဘာတွေလုပ်ကြမလဲဆိုတာတွေကို နားထောင်နိုင်ပါတယ်။နယ်ပယ်အသီးသီးက Experts တွေနဲ့ ဆွေူနွေးကြတာကို နားထောင်ရမှာပါ။
Jay Shetty Podcast
https://youtube.com/@JayShettyPodcast.?si=SUTtVWRjxV_iREdwဘ၀ကြီးကိုလျှောက်ရတာ အရမ်းပင်ပန်းစရာမလား။ ဒီတော့ဘ၀အကြောင်း အကြံပေးထားတဲ့ Podcast တွေဆို နွေးကအရမ်းကြိုက်ပါတယ်။ဘယ်လိုပျော်အောင်နေမလဲ ၊ဘယ်လို တိုးတက်ကြမလဲ ဒါမျိုးတွေကို နားထောင်ချင်ရင် ဒီ Channelလေးကို နားထောင်ကြည့်နော်။
Call her daddy
https://youtube.com/@callherdaddy?si=wEg0Njql-XwAGzaRမိန်းကလေးတွေအတွက် များစွာ Empower ဖြစ်စေတဲ့ Channel လေးမို့ နားထောင်ကြည့်ပါ။
Mel Robbins
https://youtube.com/@melrobbins?si=_DY6T44fKR7BPdDoနွေးအကြိုက်ဆုံး Motivation Speaker တစ်ယောက်ပါပဲ။ စိတိဓာတ်ကျတိုင်း၊လမ်းပျောက်တိုင်း သွားပုန်းနေကျ ထောင့်လေးပါ။ သူပြောတာတွေကများကြီးနှစ်သိမ့်မှုပေးပြီး နွေးထွေးပါတယ်။ နားထောင်ကြည့်နော်။
ကျန်တာကတော့ ကိုယ်ကြိုက်တာလေးတွေနားထောင်ကြည့်နော်။
▪️ Record Yourself & Practice LRC Method
Video တစ်ခုကို Pickလုပ်လိုက်ပါ။။ပြီးရင် နားထောင်ပါ။ ပြောကြည့်ပါ။ ပြီးရင် ကိုယ်ပြောထားတဲ့ ကိုယ်ရဲ့အသံကို Record လုပ်ကြည့်ပါ။ ပြီးရင် မူရင်း Native Speaker ပြောထားတဲ့ အသံနဲ့ Compare လုပ်ကြည့်ပါ။ ဒါကို LRC method လို့ခေါ်ပါတယ်။ Listen, Record, Compare ပေါ့လေ။ ကိုယ့်ရဲ့ အသံထွက်ကို များစွာတိုးတက်စေနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်တဲ့အတွက် ဒါလေးကို စမ်းက်ြည့်စေချင်ပါတယ်။
ဒီလို LRC လုပ်ဖို့အတွက် ဒီ Websites တွေက အသုံး၀င်နိုင်မှာပါ။
https://staraudiobook.co/ဒါကတော့ Audio Books လေးတွေနားထောင်လို့ရပြီး ကိုယ်လည်းလိုက်ပြီးပြောကျင့်လို့ရမယ့် Website လေးတစ်ခု ဖြစ်ပါတယ်။
https://youtube.com/@tofluency?si=Xf8K4F0gVZE8MiHfJack ရဲ့ Website လေးပါ။ အင်္ဂလိပ် လေ့လာသူတိုင်းအတွက် မဖြစ်မနေ သိထားသင့်တဲ့ Site လေးတစ်ခုဖြစ်ပြီးကိုယ့်ရဲ့ English Learning Journey ကိုများစွာ အထောက်ပံ့ဖြစ်စေမှာပါ။
https://youtube.com/@EnglishwithLucy?si=cztdRF28GjLQwqAqLucy ကိုတော့ အများစုရင်းနှီးပြီးသားဖြစ်မှာပါ။ Accent ကလည်းရှယ်မိုက်ပြီး ရုပ်ကလေးကလည်း တအားချောမို့ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်ရသလိုပါပဲ။ နွေးကတော့ သူ့ရဲ့ Teaching Style ကိုသဘောကျပြီး ရုပ်ကလေးကိုလည်းကြွေတာမို့ ခဏခဏ သူဆီကနေ လေ့လာအတုယူပါတယ် ဟီး။
https://youtube.com/@linguamarina?si=NoAllO7OK3W1d88AAmerican Accent ကိုလေ့လာချင်တဲ့သူများအတွက် သင့်တော်ပါတယ်။သူရဲ့ Videos တွေကလည်း စိတ်၀င်စားစရာကောင်းပြီး လက်တွေ့ကြတာမို့ ဒါလေးကို Recommend ပေးပါတယ်နော်။
အရမ်းများသွားမှာစိုးလို့ ဒါလေးသုံးခုကိုပဲ ညွှန်းလိုက်မယ်နော်။
_______________________
လူနည်းနည်းနဲ့ထိထိရောက်ရောက် သင်ရမယ့် Zoom class လေးတွေ စဖို့ရှိပါတယ် ။ Speaking & Vocabulary ကိုအဓိကထားပြီး သင်ယူရမှာပါ။ နောက်အပတ်သေးထဲ စပါမယ်တ်ကိုရှင့်။
ကောမန့်မှာ ကြည့်နိုင်ပါတယ်။